အပိုင်း ၁၅၀၂: မရေရာသော အခြေအနေ
မိန်းမပျို ရှီယွမ်က လနတ်ဘုရား အဖွဲ့အစည်းရဲ့ မြင့်မြတ်သော မိန်းမပျိုတွေထဲ စိတ်ခွန်အား အားအနည်းဆုံး တပည့် တစ်ယောက်လို့ ပြောနိုင်ပါတယ်။
မင်းသား ဂူတျန်းချင်ကျ ဆွဲဆောင်ခြင်း အတတ်မှာ သေချာကို လေ့ကျင့် ထားခဲ့တာပါ။ အတွေ့အကြုံလည်း ရင့်ကျက်တာ အထင်းသား။ ခေါင်းဆောင်ကြီးတောင် သူ့ စွမ်းအားကို ကြံ့ကြံ့ခံနိုင်ဖို့ ခက်ပါတယ်။ မိန်းမပျို ငယ်လေး တစ်ယောက် အဖို့ ဆိုရင် ပိုလို့တောင် ဝေလာဝေးပေါ့။
နောက်ပြီး မင်းသားက လူတွေ အပေါ် အကဲဖြတ်နိုင်စွမ်းတဲ့ ထက်ရှရှ မျက်၀န်း တစ်စုံ ပိုင်ဆိုင် ထားသည်လေ။ သူက လနတ်ဘုရား အဖွဲ့အစည်း၀င်တွေကို တစ်ချက် အကဲခတ် လိုက်ရုံနဲ့တင် တာအို နှလုံးသား မခိုင်မာတဲ့ ရှီယွမ်ကို သွားတွေ့ရပါတယ်။ သူမက လှလည်း လှတယ်လေ။ ဂူတျန်းချင်ရဲ့ ရွေးချယ်ခြင်းက မှန်ကန်ခဲ့ပုံပါ။
သူ မျှော်လင့်ထားသလို ဖြစ်လာပါတယ်။ အနည်းအကျဉ်းတော့ လှည့်စားခဲ့ ရတာပေါ့လေ။ သူမ အပြည့်အ၀ သစ္စာ ရှိလာအောင် ကစားပေးခဲ့ရပါတယ်။ မြင့်မြတ်သော မိန်းမပျို ရှီယွမ် တစ်ယောက် လူသားတို့ ပိုင်နက်ထဲ လတ်တလော ဖြစ်ပျက် နေသမျှ အကုန်လုံးကို မမောနိုင်.. မပမ်းနိုင် ခြုံပြောနေပါတယ်။
မင်းသား နံဘေးက ကျင့်ကြံသူတွေ အကုန်လုံး ပျော်ရွှင်ကျေနပ် ပီတိဖြစ် နေပါတယ်။
သူတို့တွေရဲ့ ဘိုးဘေးတွေ ဒီမြေမှာ ခြေချခဲ့စဉ်ကထက် ပိုပြီး လူသားတို့ ပိုင်နက်က ပျော့ညံ့သွားခဲ့သည်လေ။ အသန်မာဆုံး ကျင့်ကြံသူကတောင် ကြီးမြတ်သော အင်ပါယာတဲ့လား။ အင်ပါရီယန်တွေက ဒဏ္ဍာရီ ဆန်သတဲ့လေ။
သူတို့တွေ အကြီးအကျယ် စိတ်လှုပ်ရှားတာ ဖြစ်ထိုက်ပါတယ်။ သူတို့ မျိုးနွယ်ရဲ့ နေ့စဉ် ဘဝတွေက မလွယ်ကူ ခဲ့ပါဘူး။ ကျင့်ကြံခြင်းကို သူတို့တွေ ရူးသွပ်ခဲ့ပါတယ်။
စိတ်မိုက် အရိုင်မျိုးနွယ်ထဲ အင်ပါရီယန်တွေ အများကြီး မရှိပါဘူး။ အနည်းအကျဉ်းသာ ပိုင်ဆိုင် ထားပါတယ်။ နှိုင်းယှဉ်ရရင် လူသား မျိုးနွယ်က အတော့်ကို အသုံးမကျတာပါ ကလား။
သူတို့တွေက နယ်ခြားစည်းကို ချိုးဖျက်သာ လာရတယ်။ အရမ်းကြီး မျှော်လင့် မထားခဲ့ပါဘူး။ ဒီနေရာကို ၀င်လာရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက သူတို့ ဘိုးဘေးတွေ အနေနဲ့ ဒီနယ်မြေကို အရမ်းကြီး တမ်းတလွန်းခဲ့လို့ပါ။ သူတို့ ဘိုးဘေးများ ရေးခြစ်ခဲ့တဲ့ ပုံရိပ်က အကောင်အထည် ပေါ်လာခဲ့ပါပြီ။
ရတနာတွေ အလျံအပယ်.. စိတ်ဝိညာဉ် စွမ်းအားရင်းမြစ်.. မိန်းမလှတွေ.. လက်နှက်တွေ.. ဆေးလုံးတွေ.. အစုံ အစုံ သူတို့ စာရင်းထဲ ရှိနေပါတယ်။
စိတ်မိုက် အရိုင်းမျိုးနွယ်က လူသားတွေရဲ့ ကြွယ်၀မှုထက် ဆယ်ပုံ တစ်ပုံစာတောင် မရှိပါဘူး။ သူတို့ ဘိုးဘေးတွေ တုန်းကဆိုရင် လူသားတို့ ပိုင်နက်က ကောင်းကင်ဘုံ လို့တောင် တင်စားခဲ့ ပါတယ်။ အိပ်မက် အားလုံးကို ဖြစ်စေနိုင်တဲ့ နေရာဆိုပဲ။
သို့ပေမယ့် နယ်ခြားစည်းက သူတို့တွေကို ရှေးဦးခေတ်ထဲကနေ အခုထက်ထိတိုင် ချိုးဖျက်လို့ မရနိုင်အောင် တားဆီးခံ ထားခဲ့ရသည်လေ။ အရိုင်းမျိုးနွယ်ထဲ အသန်မာဆုံးကတောင် လက်မှိုင်ချ ခဲ့ရပါတယ်။
အခု မတိုင်ခင်ထိပေါ့..။
နယ်ခြားစည်းက အချိန်ကာလ တိုက်စားမှု ဒဏ်ကြောင့် တဖြည်းဖြည်း လျော့ကျလာခဲ့ပါတယ်။ အသန်မာဆုံး အစီအရင်တွေ ဖြစ်ခဲ့ရင်တောင် အားနည်းနေချိန် တစ်လျောက်လုံး ချိုးဖျက်ဖို့ ကြိုးစားခဲ့တဲ့ သူတို့ရဲ့ အားထုတ်မှုကြောင့် အသိအမှတ်ပြု လာရပါပြီ။
ဂူနိုကျေးရွာက နယ်ခြားစည်းနဲ့ အနီးဆုံးမှာ နေထိုင်ခဲ့တာပါ။ အဲဒါမို့ အရင်ဆုံး ၀င်လာနိုင်ခဲ့ပါတယ်။ သူတို့တွေက ကနဦး ရောက်လာတာပါ။ ကောင်းကင်ဘုံလို စွဲမက်စရာ ကောင်းလွန်းတာကြောင့် သူတို့ တကယ် နှစ်ခြိုက် နေမိပါပြီ။
ဂူတျန်းချင်က သာမန် အရိုင်းအစိုင်း တစ်ယောက် မဟုတ်ပါဘူး။ မိန်းမပျို ရှီယွမ်ရဲ့ ခန္ဓာကိုယ်ကို သဘောကျ နေရင်တောင် သူမ စကားလုံးတိုင်းကို အာရုံစိုက် နားထောင်ပါတယ်။ အသုံး၀င်တဲ့ သတင်းတွေ အကုန် လွတ်ထွက် မသွားစေရပါဘူး။
“အ.. ”
မိန်းမပျို ရှီယွမ် တစ်ချက် နာကျင်သွားတာကြောင့် ညီးသံ ထွက်မိပါတယ်။
ဂူတျန်းချင်က အားနည်းနည်းလေး စိုက်ထုတ် ဖျစ်ညှစ်လိုက်တာကိုး။ ကျင့်ကြံသူသာ မဟုတ်ခဲ့ရင် နေရာတင် အသားလုံး ဖြစ်သွားနိုင်ပါတယ်။ သူမ အဖို့တော့ ပိုလို့ သာယာမိပါပြီ။
“လူသား မျိုးနွယ်မှာ မိုးပြာကျောက်မျက် မြို့တော်လို့ ခေါ်တဲ့ တစ်နေရာ ရှိတယ်လို့ မင်းပြောတယ်။ သူတို့က ဒီနေရာမှာ ဦးဆောင် လမ်းပြ အင်အားစုပေါ့။ ကောင်စုတ်လေး ဂျန်ချန်.. သူက တကယ်ကြီး ရင်ဆိုင်ဖို့ ခက်တာပဲလား ”
မင်းသားက သူ့အတွက် အတားအဆီး ဖြစ်လာနိုင်တဲ့ အရာကိုသာ ဦးဆုံး မေးပါတယ်။
ဂျန်ချန် အကြောင်း ကြားရချိန် မြင့်မြတ်သော မိန်းမပျို ရှီယွမ်ရဲ့ မျက်နှာက လိပ်ပြာ မလုံသလို ဖြူရော် သွားပါတယ်။ ဘယ်လို ဖြစ်စေ သူများ လက်တွင်းမှာမို့ ခေါင်းညိတ်ရုံသာ တတ်နိုင်ပါတယ်။
“ဟုတ်တယ်။ ဂျန်ချန်က ပါးနပ်တယ်။ အကောက်ဉာဏ်များတယ်။ မင်းသား သူ့ကို ကိုင်တွယ်ချင်ရင် ကျွန်မမှာ အကြံတစ်ခု ရှိတယ် ”
“ဘယ်လို အကြံမျိုးလဲ ”
ဂူတျန်းချင်က သမာသမတ် ရှိတဲ့ ပုံစံ ပြန်ပြောင်း သွားခဲ့ ပါပြီ။ သူ မိန်းမပျို ရှီယွမ်ကို ခပ်ဖွဖွ ညှစ်လိုက် ပြန်ပါတယ်။ နူးညံ့လိုက်တာ။
မြင့်မြတ်သော မိန်းမပျို ရှီယွမ် တစ်ယောက် တစ်ကိုယ်လုံး ပူလောင်လာသလိုပါ..
“အဟမ်း.. ကျွန်မ ပြောပြရင် ကျွန်မကို တစ်ဘ၀လုံးစာ ကာကွယ်မယ်လို့ ကတိပေးမလား။ တစ်ခြားလူတွေလို သဘောမထားရဘူး ”
“ဟား.. ဟား.. ဒါပေါ့။ ငါ့ကို ရိုင်းစိုင်းတဲ့ အလေနတောလို့ မြင်နေလား။ ကဲ.. အစောနက စကားကို ဆက်ရအောင်။ မင်း အကြံကို ပြောပြ။ အဆင်ပြေတယ် ဆိုရင် ဆုတောင် ချီးမြှောက်ဦးမယ် ”
မိန်းမပျို ရှီယွမ် တစ်ယောက် ကျေနပ်သွားပါတယ်။ သူ ဒုခေါင်းဆောင်ဆီ လက်ညှိုးညွှန် လိုက်ပါပြီ။
“ဒီအဘွားကြီးက ဂျန်ချန့် ညီမရဲ့ ဆရာပဲ။ ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက ဟိုခွေးကောင်ရဲ့ ရန်သူတွေက ဘွားတော်ကို ဖမ်းပြီး အကြပ်ကိုင် ခြိမ်းခြောက်ခဲ့တယ်။ အဲဒီမှာ ဟိုအကောင်က ဓားစာခံချင်း လဲခဲ့တယ်။ ရှင်သာ ဂျန်ချန်ကို ကိုင်တွယ်ချင်ရင် အဲလို လုပ်နိုင်တယ်။ သူ သေချာပေါက် အကြပ်ရိုက် သွားလိမ့်မယ် ”
ရှီယွမ်ရဲ့ စကားလုံးတွေက လနတ်ဘုရား အဖွဲ့အစည်း တစ်ခုလုံးကို ကြောင်အ မိန်းမော သွားစေပါတယ်။ ဒီလိုမျိုး အရှက်မဲ့တဲ့ အကြံမျိုး ပေါ်တင်ကြီး ထုတ်ပြောရဲတယ်ပေါ့လေ။ တစ်ဖွဲ့တည်းက ဒုခေါင်းဆောင်ကို ချောက်ထဲ ဆွဲချ ပစ်လိုက်တာမျိုးက။
“အမှိုက်မ.. အောက်တန်းကျလိုက်တာ ”
ဒုခေါင်းဆောင် မနေနိုင်စွာ ဆဲဆိုပါတော့တယ်..
“နင် ဒီလို အရှက်မဲ့အောင် စိတ်ဓာတ် ယိုယွင်းနေတာ သိခဲ့ရင် ငါကိုယ်တိုင် နင့်ကို အစောကြီးတည်းက သတ်ပစ်ခဲ့တယ်။ လနတ်ဘုရား အဖွဲ့အစည်းရဲ့ သိက္ခာတွေ အကုန် ရေစုန်မျောပြီပေါ့ ”
ခေါင်းဆောင်ကြီးရဲ့ မျက်နှာကလည်း သွေးပွက်ပွက် ဆူလာခဲ့ပါပြီ..
“ငါတို့ လုပ်နိုင်တာ ဆိုလို့ ကိုယ်ဘာသာ ဖျက်စီး ပစ်လိုက်တာပဲ ရှိမယ်။ အဖွဲ့အစည်းက ကြွင်းကျန်ရစ်သူတွေက အမွေအနစ်ကို ကောင်းကောင်းကြီး ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်တယ်။ ငါတို့ အဖွဲ့အစည်းအတွက် ဆက်ခံသူ ကျန်ရစ်ခဲ့ပါစေ ”
သူမ အသံက ယူကြုံးမရ ဖြစ်နေသလိုပါ။ သူတို့တွေ ဒီကနေ့မှာ လွတ်မြောက်ဖို့ ဘယ်လိုနည်းနဲ့မှကို မဖြစ်နိုင်တော့ဘူး မဟုတ်လား။ သူမရဲ့ အကြီးမားဆုံးသော ဆန္ဒက ဌာနချုပ်က လူတွေ အားလုံး ရုပ်ဖျက် ထွက်ပြေးသွားကြ ပြီးတဲ့နောက် တစ်ချိန်ချိန်မှာ ပိုပြီး သန်မာအားကောင်းတဲ့ လနတ်ဘုရား အဖွဲ့အစည်း အသစ် ပေါ်လာဖို့ မျှော်လင့်တာပါပဲ။
ဂူတျန်းချင်က လနတ်ဘုရား အဖွဲ့အစည်းက မိန်းမတွေ အကုန်လုံး ဖြစ်ပျက်သွားပုံကို မြင်ပါတယ်။ ကြည့်ရတာ မိန်းမပျိုရှီယွမ်ရဲ့ စကားက သူတို့ အရှိုက်ကို ထိသွားတဲ့ပုံပါပဲ။
သူ ရှီရွမ်ရဲ့ မေးဖျားလေးကို တစ်ချက် မတင်လိုက်ရင်း သူမ တင်ပါးကို ခပ်ဆတ်ဆတ် တစ်ချက် ချပါတယ်။
“မဆိုးဘူး.. မဆိုးဘူး။ ဟား.. ဟား.. ဟား.. ဟား.. ငါ နင့်ကို အတော်လေး သဘောကျနေပြီ။ ငါ နောက်ပိုင်း တောက်ပလာတဲ့ အခါကျ အတူတူ အပျော်တွေ မျှဝေကြတာပေါ့။ ခဏတော့ စောင့်ပေး။ ဟား.. ဟား.. ”
ပြီးတဲ့နောက် သူ့ လေသံက တည်ငြိမ်သွားပါတယ်..
“ဂူချီ.. ခင်ဗျားကို တာ၀န် အသစ် ပေးရဦးမယ်။ ဒီမိန်းမတွေက အရမ်း ချောတယ်။ ချက်ချင်း သေသွားရင် နှမျောစရာကြီး။ ခင်ဗျားက တစ်ခြား စစ်သည် တစ်ချို့ကို ဦးဆောင်ပေါ့။ သူတို့ထဲ အများစုကို အရှင် လိုချင်တယ်။ ခင်ဗျားရဲ့ အဓိက တာ၀န်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံလာရင် သေချာ တားဆီးဖို့ပဲ ”
သူက လူသားတို့ ပိုင်နက်ထဲ အခြေအနေ အရပ်ရပ်ကို နားလည် နေပါပြီ။ သူ အာသာ ဖြေဖျောက်ဖို့ အများကြီး လိုပါတယ်။
ဂူနိုကျေးရွာက လူသားတွေ အားနည်းနေတဲ့ အချက်ကို ထောက်ပြီး ပိုင်နက် တစ်ခုလုံးကို သိမ်းကျုံးယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါက နည်းနည်းတော့ ရှက်စရာ ကောင်းတာပေါ့လေ။
သို့ပေမယ့် တစ်ခြား ကျေးရွာက မျိုးနွယ်တူတွေ ၀င်လာရင် သူတို့ အတွက် မကျန်ဘဲ နေမှာကို စိုးရိမ်မိပါတယ်။ သူတို့က အစောဆုံး ရောက်လာသူတွေ မဟုတ်လား။
ဝီရိယ ကောင်းတဲ့ ငှက်က တီကောင် စားရတယ်လို့ အဆို ရှိတယ် မို့လား။ သူလည်း ထိုနည်းလည်းကောင်း ကျင့်ကြံရပါမယ်။
အစောဆုံး ပျံသန်းလာတဲ့ ငှက်လိုမျိုး ဂူနိုကျေးရွာက အသာစီး ရထားတယ်လို့ ပြောရမှာပါ။ မင်းသား တစ်ပါး အနေနဲ့ ဒါကို အပြည့်အ၀ အသုံး မချနိုင်ရင် ရူးမိုက်ရာ ကျသွားမှာပေါ့။ ဒီမိန်းမတွေက လူသားတို့ ပိုင်နက်ထဲ သူ စပြီး သိမ်းပိုက်နိုင်တဲ့ အသီးအပွင့်တွေပါ။
လူသားတို့ ပိုင်နက်ထဲကနေ သူတို့တွေ အများကြီး မျှော်လင့် ထားပါတယ်။ နေရာတိုင်းမှာ အခုလို မိန်းမလှတွေ ရှိနေရင် အကောင်းဆုံးပေါ့။ အရည်အသွေး နည်းနည်း နိမ့်ကျရင်လည်း လက်ခံပေးလို့ ဖစ်ပါတယ်။ သူတို့တွေ အားလုံး အတွက် ပျော်ပါးဖို့ အချိန်ကျပြီ။
ဂူနိုကျေးရွာက အရိုင်းစစ်သည်တွေက တကယ့်ကို မယုံနိုင်စရာ ကောင်းလှတဲ့ တိုက်ခိုက်သူတွေပါ။ သူတို့တွေရဲ့ အကြောတွေ.. ကြွက်သားတွေကို ဖြေလျော့ဖို့ အတွက် မိန်းမလှတွေ ရနိုင်သမျှ အများကြီး လိုချင်ပါရဲ့။
လူအိုကြီး ဂူချီ ခေါင်းညိတ်ပါတယ်။ သူ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တပည့်ငယ်တွေဆီ တစ်ချက် ကြည့်လိုက်ရင်း..
“အကြံ တစ်ခု ပေးမယ်။ မင်းတို့တွေ မခုခံတာ အကောင်းဆုံးပဲ။ ဒီလောက် လှတပတ လေးတွေကို မနာကျင် စေရဘူးလို့ ငါ အာမခံတယ်။ သင့်တင့်တဲ့ တန်းတစ်ခုထိလည်း ထားပေးမှာပါ။ ရူးရူးမိုက်မိုက်တွေ လုပ်မယ် ဆိုရင်တော့ မင်းသား စိတ်တိုလာတဲ့ အခါကျရင် မင်းတို့ ဘယ်လို အဆုံးသတ် သွားနိုင်လဲ ပြောရခက်ပြီ။ အစောပိုင်းတုန်းက စတေးခံ လိုက်ရတဲ့ ကောင်မလေးရဲ့ အဖြစ်ကို မြင်တယ် မို့လား.. ဟမ့်.. ”
ကိုယ်လုံးတီး အနေအထားနဲ့ ဆယ်ချီတဲ့ စစ်သည်တွေကြား ပစ်သွင်း ခံလိုက်ရတဲ့ တပည့်ငယ်လေးကို သူ ထည့်ပြော လိုက်တာပါ။ အခုဆို သူ့ဆီက အသံ တစ်ချက် ကလေးတောင် မကြားရတော့ပါဘူး။ သူမ ဘယ်လို နာနာကျင်ကျင် ခံစားသွားရ သလဲဆိုတာ သိမြင်နိုင်ပါတယ်။
လနတ်ဘုရား အဖွဲ့အစည်းက လူတိုင်း တုန်လှုပ် ခြောက်ခြား ကုန်ပါတယ်။ လူအိုကြီး ဂူချီဆီက အော်ရာတွေက သန်မာ အားကောင်းပါတယ်။ လွှမ်းမိုနိုင်စွမ်း ကြီးမားလွန်းပေစွ။
“တိတ်စမ်း.. ”
ဒုခေါင်းဆောင် ချက်ချင်း အော်ဟစ် လိုက်ပါပြီ။ လက်ထဲမှာလည်း ရေခဲငွေ့ ဖြာနေတဲ့ ဓားတစ်လက် ရှိနေပါတယ်..
“သူတို့ အလိမ်အညာတွေကို နားထောင် မနေနဲ့။ စိတ်မိုက် အရိုင်းမျိုးနွယ်က တကယ့်ကို ညစ်ထေးတဲ့ အရိုင်းအစိုင်းတွေ။ သားရဲတွေနဲ့ စရိုက် သိပ်မကွာဘူး။ သူတို့ ကတိစကားက အလကားပဲ ”
“ငါတို့လို လနတ်ဘုရား အဖွဲ့အစည်းရဲ့ မြင့်မြတ်တဲ့ ကျင့်ကြံသူတွေက အရိုင်းအစိုင်း တိရစ္ဆာန်တွေဆီ လက်လွတ်စံပယ် အညံ့ခံရမှာတဲ့လား။ ဒီကနေ့မှာ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ကျိန်ဆိုတယ်။ သေတဲ့ အထိ တိုက်ကြမယ်ဟေ့။ အနိုင်ကျင့် ခံရတာထက်တော့ သေတာက ပိုမြတ်တယ် ”
ပြောပြီးပြီးချင်း သူမ ဓားကို ဝှေ့ရမ်း တိုက်ခိုက်လိုက်ပါပြီ။
ရွှမ်း.. ..
ကြီးမြတ်သော အင်ပါယာ တစ်ပါးရဲ့ မျှော်လင့် မထားတဲ့ အသေခံ တိုက်ကွက်က တကယ် အားကြီးပါတယ်။ အရိုင်းမျိုးနွယ်၀င် လေးယောက်သား တစ်ချက်တည်းနဲ့ ခုတ်ပိုင်းချ ခံလိုက်ရပါပြီ။ သူတို့တွေ ကာကွယ်ချိန်တောင် မရလိုက်ပါဘူး။
အခုလို ဒုခေါင်းဆောင်ရဲ့ သွေးစွန်းတဲ့ တုန့်ပြန်ချက်က တစ်ခြား အမျိုးသမီး ကျင့်ကြံသူ အားလုံးကို သွေးဆူစေပါတယ်။ ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်သုံးတို့လည်း လက်နှက် ကိုယ်စီ ၀င့်လာပါတယ်။
“လနတ်ဘုရား အဖွဲ့အစည်းက တပည့်တွေ.. အမိန့် နာခံ။ ဒီကနေ့မှာ ငါတို့ ဂုဏ်သိက္ခာ အတွက် တိုက်ရင်း သေကြမယ်။ အမြှီးကုပ် ပြေးတဲ့သူက သစ္စာဖောက်ပဲ။ အဖွဲ့အစည်းရဲ့ အရိပ်မည်းက အမြဲတမ်း လိုက်လာလိမ့်မယ် ”
“ဒီကောင်တွေကို ငရဲပို့ဟေ့ ”
“ငါတို့ရဲ့ သန့်စင်ခြင်းကို ဒီညစ်ထေးတဲ့ အရိုင်းကောင်တွေ ထိတွေ့ခွင့် မရစေရဘူး ”
တကယ်တမ်း သူတို့တွေက သာမန် လူသား ကျင့်ကြံသူတွေနဲ့သာ လက်ထပ်ချင်ပါတယ်။
ယုတ်ညံ့ ရိုင်းစိုင်းတဲ့ မျိုးနွယ် လက်ထဲ သူတို့တွေ ဘယ်လောက်ထိအောင် နာကျင်ရမလဲ တွေးကြည့်ရုံနဲ့တင် ကြက်သီး ထချင် စရာပါ။ သူတို့တွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာက ရုန်းကြွလာပါတယ်။ တိုက်ပွဲ၀င် စွမ်းအား နိုးကြားခဲ့ပြီ။
ဒီအဖြစ်က မင်းသား ဂူတျန်းချင်ကို အကြီးအကျယ် ဒေါပွစေပါတယ်။ ဂူနိုကျေးရွာရဲ့ မင်းသား တစ်ပါး အနေနဲ့ သူက ကိုယ့်မျိုးနွယ်ကို တစ်ယောက်ယောက် လာစော်ကားတာမျိုး သည်းမခံနိုင်။
“ဂူချီ.. ခင်ဗျား ဝင်ဆုံးမ လိုက်တော့လေဗျာ။ သူတို့ ဘယ်လောက် ခံနိုင်ရည် ရှိလဲ ကြည့်မယ်။ ကျုပ် ခြေထောက်အောက် ရောက်လာတဲ့အခါ သူတို့ ငြီးငြူသံကို တမင်တကာ အရသာရှိရှိ နားထောင် ရသေးတာပေါ့ ”
လူအိုကြီးက ခေါင်းညိတ်ပါတယ်။ ချက်ချင်းဆိုသလို ဟင်းလင်းပြင် အက်ကြောင်းတွေ ပေါ်လာပါတယ်။
ဖြာ၀င်းလာတဲ့ အလင်းတန်းတွေက အက်ကြောင်းထဲကနေ ရုန်းရင်းဆန်ခတ် ဖြစ်လာပါတယ်။
ဝဲကန်တော့.. ..။
သူတို့ ရှိနေတဲ့ ပတ်၀န်းကျင်ကို ရုန်းရင်းဆန်ခတ် ဖြစ်သွားစေတဲ့ ဟင်းလင်းပြင် ဝဲကန်တော့ တစ်ခု ပေါ်လာပါတယ်။ ချက်ချင်းဆိုသလို လနတ်ဘုရား အဖွဲ့အစည်းက လူတွေဆီ ရိုက်ခတ် သွားခဲ့ပါပြီ။
ချွင်း.. ရွှမ်.. ..
အကုန် ဆောက်တည်ရာ မရ ဖြစ်ကုန်တာပေါ့လေ။ စွမ်းအားကြီး ဝဲကန်တော့ ထိမှန်ခံလိုက်ရ တာနဲ့ အားနည်းတဲ့ အမျိုးသမီး ကျင့်ကြံသူတွေ မသန်စွမ်း ဖြစ်ကုန်ပါတယ်။
သူတို့တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြန်လှန် တိုက်ခိုက်ဖို့ ဆိုတာကား ဝေးလေစွ။
တော်သေးတဲ့ တစ်ချက်က အဖွဲ့အစည်း ခေါင်းဆောင် သုံးယောက်တို့တွေ မာမာထန်ထန် ရှိနေဆဲပါ။ သူတို့တွေရဲ့ သုံးပွင့်ဆိုင် ခံစစ်က တပည့် အများစုကို အကာအကွယ် ပေးထားပါတယ်။
သို့ပေမယ့်လို့ ဂူချီရဲ့ ပထမဆုံး တိုက်ကွက်ကတင် သူတို့တွေကို ဆောက်တည်ရာ မရ ဖြစ်စေခဲ့ပြီလေ။ မုန်တိုင်းကြားက ဖယောင်းတိုင် လေးလိုပဲ အချိန်မရွေး ငြိမ်းသွားနိုင်ပါရဲ့။
Comments
Post a Comment