အပိုင်း ၁၅၀၁: ဂူနို ကျေးရွာ

လူငယ်လေးရဲ့ မျက်၀န်းတွေက ထက်မြိနေပါတယ်။ ရက်စက် ကြမ်းကြုတ်နေပါတယ်။ အမဲလိုက် မုဆိုး တစ်ယောက်လို လွှမ်းမိုးနိုင်စွမ်းတဲ့ အော်ရာကို ပေးစွမ်းပါတယ်။

သူ့ပုံပန်းကို ကြည့်လိုက်ရုံနဲ့တင် လနတ်ဘုရား အဖွဲ့အစည်း ခေါင်းဆောင် သုံးယောက်တို့တွေ တုန်လှုပ်သွားပါတယ်။ လူငယ်ရဲ့ အကြည့်တစ်ချက်မှာ သူတို့ကိုယ်ပေါ် ဘာလျို့ဝှက်ချက်မှ မကျန်အောင် ဖောက်မြင်သွား သလို ခံစားလိုက် ရလို့ပါ။

“ဝါမီ.. ဝါမီ.. ”

အရိုင်းမျိုးနွယ်တွေ တစ်ညီတည်း အော်ဟစ်ပါတယ်။ သူတို့ဆီမှာ လေးစားစိတ် အပြည့် မြင်တွေ့ ရပါတယ်။

လနတ်ဘုရား အဖွဲ့အစည်းက ဘယ်သူမှ အဲဒီ စကားလုံး အဓိပ္ပါယ်ကို မသိပါဘူး။ သို့ပေမယ့် သူတို့တွေရဲ့ မြင့်မြတ်သူကို လေးစားကြောင်း ပြသတဲ့ သဘောမှန်း နားလည်နေပါတယ်။

လူငယ်လေးက ငြင်သာစွာ ပြုံးပါတယ်။ ဒီလို ဆက်ဆံ ခံရတာနဲ့ ပတ်သက်လို့ အလေ့အကျင့် ဖြစ်ပြီး နေပုံပါ။ သူ လက်နှစ်ဖက်ကို လေထဲ ဝှေ့ရမ်းလိုက်ပါတယ်။

အရိုင်းကျင့်ကြံသူတွေ အကုန် ကျယ်လောင်စွာ အော်ဟစ်လို့ ကခုန်ကြပါပြီ။ တစ်ချို့တွေက လေချွန်သံ ကျယ်ကြီးတွေပေးလို့.. တစ်ချို့ကျ ခြေကို ဆောင့်နင်းလို့.. တစ်ချို့ကျ လက်ခုပ်သံကျယ်ကြီးနဲ့.. တစ်ချို့တွေက ထူးဆန်းတဲ့ အပြုအမူတွေ လုပ်ပြပါတယ်။

စိတ်မိုက် အရိုင်းမျိုးနွယ်က အမြင်နဲ့တင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေလဲ သိသာလှသည် မဟုတ်လား။ ဒီအပြုအမူက လနတ်ဘုရား အဖွဲ့ဝင် တပည့်တွေရဲ့ နှလုံးသားကိုပါ ရောင်ပြန်ဟပ် စေခဲ့ပါပြီ။

သူတို့တွေကို အရိုင်းအစိုင်း တစ်စုက ထွက်ပေါက် မရှိအောင်လည်း ဝိုင်းထားသေး။ အသဲငယ်အောင်လည်း ခြောက်နေပါတယ်။ ဒါက သူတို့တွေ အဖို့ရာ မကြာခင် သေတာထက်တောင် ဆိုးရွားတာတွေ ဖြစ်လာတော့မယ့် အကြောင်း ပြနေသလိုပါ။

အမျိုးသမီး တပည့်ငယ်လေးတွေ အတော်များများက အဖမ်းခံ ရတာနဲ့ ချက်ချင်း သတ်သေဖို့ စိတ်ပိုင်းဖြတ် ထားခဲ့တာပါ။

အခု မြင့်မြတ်တဲ့ အနွယ်၀င် လူငယ်လေး ပေါ်လာချိန် တစ်ချို့ မိန်းကလေးတွေ စိတ်ထဲ တစ်မျိုး ပြောင်းလဲ လာပါတယ်။

သူနဲ့သာ ဆိုရင်တော့.. ..။

ဒီအတွေးက သူမတို့ စိတ်ထဲ အရောင် တစ်မျိုး စွန်းထင်းစေပါတယ်။ ဒီလို သေရေး.. ရှင်ရေး ဖြစ်နေချိန် ထူးဆန်းတဲ့ အတွေးတွေ ၀င်လာတာနဲ့ ပတ်သက်လို့ သူမတို့ ကိုယ်တိုင်လည်း ထူးဆန်းသလို ခံစားမိပါတယ်။ ရှက်စရာ ကောင်းလေစွ။

မြင့်မြတ်တဲ့ လူငယ်က တဖြည်းဖြည်းချင်း သူတို့ နံဘေး နီးကပ် လာခဲ့ပါပြီ။ သူ့ ပုံပန်းက ပိုလို့ ထင်ရှား လာပါတယ်။

သူတို့ မျိုးနွယ်ရဲ့ အမှတ် သင်္ကေတ ဖြစ်တဲ့ နှာခေါင်း နည်းနည်းကြီးတာက လွဲရင် သူတို့ မျိုးနွယ်ထဲ အချောဆုံးလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် တောက်ပနေတဲ့ မျက်၀န်းတွေက ရဲတင်းလွန်း ပါတယ်။ လူတွေ အပေါ် လွှမ်းမိုးနိုင်စွမ်းတဲ့ အော်ရာတစ်မျိုး ကပ်ပါလာ နေသည်ကိုး။

ရန်သူ ဖြစ်နေပေမယ့် အတွေ့အကြုံ မရှိတဲ့ မိန်းကလေးငယ်တွေကို ဖမ်းစား သွားပါလေရဲ့။

“ဟိုးရှေးကျတဲ့ အချိန်တုန်းတည်းက စလို့ ဒီကနေ့မှပဲ ငါတို့ရဲ့ စိတ်မိုက် အရိုင်း မျိုးနွယ်က လူသားတို့ ပိုင်နက်ထဲ ခြေပြန်ချနိုင်တော့တယ်။ ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်သလဲ ”

လူငယ်လေးက ရုတ်ချည်း စကားစပြော လာပါတယ်။

သူ့ အသံက နက်ရှိုင်းပါတယ်။ လူသား ဘာသာ စကားကိုပဲ သုံးပါတယ်။ သို့ပေမယ့် နယ်ခြား မျိုးနွယ်ရဲ့လေ ပျောက်မသွားပါဘူး။ ကြမ်းကြုတ်ပြီး နားထောင်ရ ခက်ပါတယ်။

ပိုပြီး အရေးကြီးတဲ့ အချက်က သူ့ အသံမှာ ဆွဲငင်ဓာတ် တစ်မျိုး စိမ့်၀င်နေတာပါ။ လနတ်ဘုရား အဖွဲ့အစည်းရဲ့ အမျိုးသမီးငယ် တပည့်တွေ အတော်များများရဲ့ စိတ်ကို ကလိတိတိ ကစား နေသလိုပါ။ ဒီလို သြဇာကြီးတဲ့ အသံနဲ့ ယောက်ျား တစ်ယောက်က ဘယ်နည်းနဲ့မှကို မကောင်းဆိုးဝါး မဖြစ်တန်ရာ။

လူငယ်လေးရဲ့ မျက်၀န်းတွေက လနတ်ဘုရား အဖွဲ့အစည်းက လူတွေ အားလုံးရဲ့ မျက်နှာကို တစ်ချက် ဖြတ်ကြည့်သွားပါတယ်။ သူ့ အမူအရာက သားကောင်တွေကို မသေခင် ကစားချင်နေ သလိုပါ။

အချောအလှ အမျိုးသမီး အုပ်စုထဲ အနည်းဆုံး သုံးပုံ တစ်ပုံလောက်က သူ့အပေါ် စိတ်၀င်စား နေပါတယ်။ အခြား သုံးပုံနှစ်ပုံကတော့ သတိ အနေအထားနဲ့ပါ။ စိတ်၀င်စားစရာပဲ။

သူက ဒီမိန်းက​လေးတွေရဲ့ အဆင်းကို အံ့အားသင့်စိတ် ဝင်နေပါတယ်။ စိတ်မိုက် အရိုင်းမျိုးနွယ်ရဲ့ တော်၀င် မိသားစု၀င် တစ်ယောက် အဖို့ သူက အလှဆုံး.. အကောင်းဆုံး.. အချောဆုံး ဆိုတဲ့ မိန်းကလေးတွေနဲ့ အတူ နေခဲ့ဖူးပါတယ်။ သူ့အတွက် မိန်းမ မရှားခဲ့ပါဘူး။

သို့ပေမယ့် အခု ရှေ့က မိန်းမလှလေးတွေကို မြင်မိမှ ဟိုအရင် သူ သဘောကျခဲ့ဖူးတဲ့ မိန်းမတွေ အကုန်လုံးက အမှိုက်တွေ ဆိုတာကို သွားတွေ့ရ ပါတယ်။

“ဘိုးဘေးတွေက ဘာလို့ သူတို့ စိတ်ထဲ လူသားတို့ ပိုင်နက်ကိုပဲ တသသ ဖြစ်နေရလဲ ငါ နောက်ဆုံးတော့ သိခဲ့ရပြီ။ မိန်းကလေးတို့.. လူသားတို့ ပိုင်နက်ထဲ မိန်းမတွေ အားလုံးက နင်တို့လို လှတာပဲလား။ တကယ် ကောင်းကင်ဘုံ ဆန်တယ် ”

လူငယ်လေးရဲ့ ပါးစပ်ကနေ ဆွဲဆောင်နိုင်စွမ်းတဲ့ စကားတွေ ပရောပရီ ထွက်လာပါတယ်။

မိန်းမပျို ရှီယွမ်က တစ်ဖက် လူငယ်ရဲ့ လက်ရှိ ယဥ်ကျေးတဲ့ အပြုအမူကို သဘောကျပါတယ်။ ပြန်လှန် တုန့်ပြန်ရ လောက်သည် အထိအောင် သူမ ရဲတင်း လာခဲ့ပါပြီ။

“ဘယ်ကလာ.. ရှင်ကံကောင်းသွားတာ။ ကျွန်မတို့က လနတ်ဘုရား အဖွဲ့အစည်း.. .. ”

“ပါးစပ် ပိတ်ထားစမ်း ရှီယွမ်.. ”

လနတ်ဘုရား အဖွဲ့အစည်း ခေါင်းဆောင်ကြီးပီပီ ဒီလို အထိန်းအကွပ်မဲ့တဲ့ တပည့်ကို သူမ ဘယ်လိုမှကို သဘောမကျနိုင်တော့။

အခုက ကလီတီတီ လုပ်နေရမယ့် အချိန် မို့လို့လား။ လူငယ်လေးက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ပြည့်လျှမ်းနေတာ အသိသာကြီးဟာကို။

ခေါင်းဆောင်ကြီးက အတွေ့အကြုံ ရင့်ကျက်သူမို့ ဒါကို သိနေပါတယ်။ သူမ တပည့်မတွေက ပါရမီ ကြီးရင်တောင် ပုံမှန်အားဖြင့် ပြင်ပနဲ့ အဆက်အဆံ နည်းပါးလွန်းပါတယ်။ ဒါကြောင့် လူမှုရေးမှာ မကျွမ်းကျင်ပါဘူး။

လူငယ်လေး ယဉ်ကျေးနေရခြင်း နောက်ကွယ်မှာ ကပ်ညိ ပါလာနေတဲ့ အန္တရာယ်ကို သူတို့ သတိ မထားမိတာသည် မဆန်းလှ။

မိန်းမပျို ရှီယွမ် တစ်ယောက် သူမကို ခေါင်းဆောင်ကြီးက အကြိမ်တိုင်း တားဆီး ဆူပူနေတာကို မပျော်တော့။ သို့ပေမယ့် ရှေ့မှာ ပေါ်တင်လည်း မတုန့်ပြန်ရဲ။ နှုတ်ခမ်းကိုသာ ခပ်တင်းတင်း ကိုက်ထားမိပါတယ်။

လူငယ်လေးက ဒါကို သတိထားမိပါတယ်..

“အို.. မိန်းမလှလေးကို ဆူရက်တယ်လား။ မစိုးရိမ်နဲ့။ လွတ်လွတ်လပ်လပ်သာ ဆက်ပြောပါ။ ငါ့ အပေါ် ယဉ်ကျေးနေသရွေ့ ငါလည်း အတူတူပဲ ဆက်ဆံမှာပေါ့။ ငါ့ ပုံစံကိုလည်း နင် သတိ ထားမိသားနဲ့ ”

မိန်းမပျို ရှီယွမ် စဉ်းစားသွားပါတယ်။ သူမကို တော်၀င် လူငယ်လေးက ဆွဲငင် သွားခဲ့ပြီ မို့လား။ ဒါပေမယ့် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကြီးကလည်း သူမကို ခြိမ်းခြောက်နိုင်စွမ်း ကြီးစွာ ကြည့်နေပါသေးတယ်။

မဖြစ်ချေတော့။ သူမ အနေနဲ့ နှုတ်ရဲရင်တောင် ခေါင်းဆောင်ကြီးရှေ့မှာ မဆင်မခြင် မပြုနိုင်။

“ ဟေး.. ခင်ဗျား ပါးစပ် ပိတ်ထားပါ ”

တော်၀င် လူငယ်လေးက ခေါင်းဆောင်ကြီးကို ချက်ချင်း အော်ဟစ်ပါတယ်။

အဲဒီနောက် အနီးပါးက လူအိုကြီးဘက် အသာ လှည့်လိုက်ရင်း..

“ဂူချီ.. သူ ထပ်ပြီး အသံထွက် လာရင် ချက်ချင်း ဖမ်းဆီးပြီး ဂူနိုစစ်သည်တွေဆီ လက်လွှဲပေးလိုက် ”

နတ်ဆိုးဆန်တဲ့ အမိန့်သံက ကြောက်ခမန်း လိလိပါ။

“ကောင်းပါပြီ.. မင်းသား ဂူတျန်းချင် ”

ဂူချီ နာမည်ခံ လူအိုကြီးက လက်သီးဆုပ်လို့ အရိုအသေ ပြုပါတယ်။

ချက်ချင်း ဆိုသလို မကောင်းဆိုးဝါး ဆန်လွန်းတဲ့ သူ့ မျက်၀န်းတွေက လနတ်ဘုရား အဖွဲ့အစည်း ခေါင်းဆောင်ကြီးဆီ ရောက်လာပါတယ်။ ဆန်းပြားတဲ့ အော်ရာ တစ်ရပ်က ဖြာလင်း သွားလေရဲ့။ သူမကို မလှုပ်နိုင်အောင် ထိန်းချုပ် ဖိနှိပ် ထားလိုက်တာပါ။ သူမ ကူကယ်ရာ မဲ့သွားခဲ့ပါပြီ။

ဒီလို မမြင်နိုင်တဲ့ အော်ရာတွေက ဆောက်တည်ရာ မဲ့စေပါတယ်။ သူမ သိလိုက်ပါပြီ။

“အင်ပါရီယန်.. ဒါက သေချာပေါက်ကို အင်ပါရီယန်ပဲ ”

ချောက်ကမ်းပါး နက်နက်ထဲကို ကျသွားသလိုမျိုး လနတ်ဘုရား အဖွဲ့အစည်း ခေါင်းဆောင်ကြီး ခိုက်ခိုက်တုန် သွားပါတယ်။

အစောပိုင်း တုန်းကဖြင့် တပည့်တွေကို သူမတို့လို ခေါင်းဆောင် သုံးယောက်က အကာအကွယ် ပေးပြီးရင် ဖောက်ထွက်ကြမယ်လို့ ဆုံးဖြတ် ထားခဲ့တာပါ။

အခု လူငယ် ခေါင်းဆောင် ပေးလိုက်တဲ့ အမိန့်အောက်မှာ လှုပ်ရှားလာတဲ့ လူအိုကြီးရဲ့ စွမ်းအားက သူမကို အချုပ်ချလိုက် သလိုပါ။ ဘယ်လိုနည်းနဲ့မှ လွတ်မြောက်ဖို့ မလွယ်ကူတော့။

ဂူချီရဲ့ စွမ်းပကားက သူမ စိတ်နဲ့ ချီပင်လယ်ကို ပိတ်ဆို့ ထားပြီး ဖြစ်နေခဲ့ပါပြီ။ ရန်သူတွေက သူတို့ထက် ဘယ်လောက် အင်အားကြီးကြောင်း ပြလာခဲ့ပါပြီ။ လနတ်ဘုရား အဖွဲ့အစည်းက သူတို့ ပြိုင်ဘက် မဟုတ်ပါဘူး။

အခု ရောက်လာသူတွေထဲ ကြီးမြတ်သော အင်ပါယာတွေချည်းသာ ဖြစ်ခဲ့မယ် ဆိုရင်တော့ အင်ပါယာ ဆေးထွတ်ခေါင်လောက် သန်မာသူတွေ ပါခဲ့စေဦး ခေါင်းဆောင်ကြီး အနေနဲ့ လွတ်မြောက်ဖို့ အာမခံချက် တစ်ချို့ ရှိပါသေးတယ်။ ဒါပေမယ့် အင်ပါရီယန်တွေ ပါလာခဲ့ပြီ။

ဒီလို ကျင့်ကြံသူ တစ်ယောက်ကို သူမ အသက် စွန့်ပြီး တိုက်ခိုက်ရင်တောင် ဘာမှ ထူးခြားလာမယ် မထင်။ အပွင့်လင်းဆုံး ပြောရရင် လူအိုကြီးက သူမထက် အဆမတန်ကို ကွာခြားတဲ့ အဆင့်အတန်းမှာ ရှိနေတာပါ။

ကြီးမြတ်သော အင်ပါယာ တစ်ယောက်က ဘယ့်နှယ်လုပ် အင်ပါရီယန်ကို ယှဉ်နိုင်မှာတဲ့တုံး။ ကောင်းကင်ဘုံနဲ့ မြေကမ္ဘာလောက်ကို ကွာဟချက်က ကြီးမားလွန်းပါတယ်။

“အခုမှ အဆင်ပြေ သွားတော့တယ် ”

လူငယ်လေးက စိတ်မိုက် အရိုင်းမျိုးနွယ်ရဲ့ ဂူနို ကျေးရွာက မင်းသားပါ။ သူ့ အသံက ဆွဲငင်ဓာတ် အပြည့်နဲ့ ထွက်ပေါ် လာခဲ့ပြန်ပါပြီ..

“အဟဲ.. မိန်းကလေး.. လာပါ။ ထွက်လာပြီး စကား နည်းနည်းလောက် ပြောပေး။ ဘယ်သူကမှ နင့်ကို မဆူစေရဘူး။ ဟုတ်ပြီလား ”

မြင့်မြတ်သော မိန်းမပျို ရှီယွမ် တစ်ချက် တုန့်ဆိုင်း သွားပါသေးတယ်။ သို့ပေမယ့် မမြင်နိုင်တဲ့ ဓာတ်တစ်ချို့က သူမကို ရှေ့ထွက်ပြောဖို့ ဆွဲငင်နေပါပြီ။ သူမ ဦးနှောက် တစ်ခုလုံး ထူပူကုန်ပါတယ်။ ချက်ချင်း ဆိုသလို ရှေ့က လူငယ်လေးဆီ လျောက်ထွက် သွားလေရဲ့။

“နင် ဘာတွေ လုပ်နေတာလဲ.. ရှီယွမ် ”

အမျိုးသမီး တပည့်ငယ် တစ်ယောက်က ချက်ချင်း သတိလှမ်းပေးပါတယ်။

ဂူနိုကလန်ရဲ့ မင်းသား မျက်နှာက မဲ့ခနဲ ဖြစ်သွားပါတယ်။ ချက်ချင်း ဆိုသလို လေထုထဲကို ဖမ်းဆုပ် လိုက်ပါပြီ။ မမြင်နိုင်တဲ့ အားတစ်မျိုးက လေထုထဲကို စိမ့်၀င် သွားပါတယ်။

ဘုန်း.. ..

ရုတ်ချည်းဆိုသလို အစောနတုန်းမှာ သတိပေးခဲ့တဲ့ မိန်းကလေးရဲ့ ကိုယ်ပေါ်က အ၀တ်အစားတွေ အကုန် အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲထွက် သွားပါပြီ။ မိမွေးတိုင်း.. ဖမွေးတိုင်းတွေ အတိုင်းသား ပေါ်ကုန်လေရဲ့။

စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မြင်ကွင်းက အရိုင်းမျိုးနွယ် သောင်းချီကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေပါတယ်။ သူတို့တွေ ထူးဆန်းတဲ့ အသံပေါင်းစုံနဲ့ အော်ဟစ်ကုန်ပါပြီ။

“မင်းတို့တွေ သူ့ကို စိတ်ကြိုက် လုပ်လိုက် ”

မင်းသား ဂူတျန်းချင်က လူအုပ်ကြီးဆီ သူမကို ပစ်ပေးလိုက်ပါတယ်။

သိပ်မကြာခင် အရိုင်းမျိုးနွယ် အုပ်ကြီးကြားမှာ သူမရဲ့ သွေးပျက်စရာ ကောင်းတဲ့ အော်သံတွေသာ ပြည့်နှက် ကုန်ပါတယ်။

“မင်းတို့တွေ မလှုပ်တာ ပိုကောင်းမယ်။ သူ့နောက် လိုက်သွားချင်ရင်တော့ စိတ်မရှိဘဲ ပြောနော်။ ငါတို့ စစ်သည်တွေက သိပ်ပြီး ဆာလောင်နေတယ်။ မင်းတို့ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါရဲ့ ”

ဂူတျန်းချင်က မျက်နှာဖုံး နှစ်ခု ရှိပုံပါ။

ခေါင်းဆောင်ကြီး ရင်ထဲ ခါးသက်သက် ဖြစ်သွားပေမယ့် ကျန်တဲ့ တပည့်တွေကို တားမြစ်ထားလိုက် ရပါတယ်။ သူမက ဘယ်လိုမှကို သွေးမအေး နိုင်ပါဘူး။ လက်ရှိ အနေအထားမျိုးမှာ တင်းခံနေရင် အကုန် ဘ၀ပျက် ကုန်ပါလိမ့်မယ်။

“ကိုင်း.. မိန်းကလေး အခု ပြောလို့ ရပြီလား ”

မင်းသား ပုံစံက စွဲမက်စရာ ဖြစ်သွားပြန်ပါတယ်။ သူ့ စကားကို ဘယ်သူမှ လွန်ဆန်နိုင်ခြင်း မရှိသလိုမျိုး။

မိန်းမပျို ရှီယွမ်ရဲ့ မျက်နှာနဲ့ လည်တိုင်လေးက နီရဲသွားပါတယ်။ ဂူတျန်းချင်က အရမ်းကို ဆွဲဆောင်မှု ရှိလွန်းပါတယ်။ သူမ ဆန္ဒတွေကို လှုပ်ခါနိုင်စွမ်းလွန်းရဲ့။

မင်းသားရဲ့ လက်တစ်ချက် အဝှေ့မှာ မြင့်မြတ်သော မိန်းမပျိုက သူ့ ရင်ဘတ်ကျယ်ကြီးထဲကို ရောက်လာခဲ့ပါပြီ။ သူမကို ရူးသွပ်လုလု ဖြစ်အောင် ထပ်ပြီး ပြုစားလိုက်တာပါ။

နှစ်ယောက်ကြားမှာ နွေးခနဲ.. အိခနဲ..။

“အခု ငါ့ကို ပိုပြီး အသေးစိတ်ကျကျ ပြောပြတော့။ လနတ်ဘုရား အဖွဲ့အစည်းက ဘာလဲ။ လူသားတွေ အကြောင်း အကုန် အကုန်ပေါ့ ”

ဂူတျန်းချင်က မြင့်မြတ်သော မိန်းမပျို ရှီယွမ်ကို စပါးကြီးမြွေ တစ်ကောင်လို ပြုစားထားပါတယ်။

သူမ တစ်ကိုယ်လုံး လျှပ်စစ် ဖြတ်စီးသွား သလိုမျိုး ငြင်သာ နူးညံ့တဲ့ အထိအတွေ့က သာယာ မိန်းမော စေပါတယ်။

သူမ မျက်၀န်းတွေက တစ်ခုခုကို တောင့်တနေသလို ပွင့်အာလာခဲ့ပါပြီ..

“ဟိုဒင်း.. ငါတို့ အားလုံးက လနတ်ဘုရား အဖွဲ့အစည်းကပါ။ သူတို့ သုံးယောက်က ခေါင်းဆောင်တွေ။ ငါက မြင့်မြတ်သော မိန်းမပျိုတွေထဲက တစ်ယောက်ပေါ့။ တစ်ခြား မြင့်မြတ်သော မိန်းမပျို တွေလည်း ရှိသေးတယ်။ ကျန်တဲ့ လူတွေက အဖွဲ့အစည်းရဲ့ လက်ရွေးစင်တွေ။ လနတ်ဘုရား အဖွဲ့အစည်းက လူသားတို့ ပိုင်နက်ထဲ အသန်စွမ်းဆုံး စာရင်း ၀င်တယ်။ အလှအပလေးတွေချည်း စုဖွဲ့ထားတာကိုး။ အထက် အဌဂံ နယ်မြေက လူသားတို့ ပိုင်နက်ထဲ ဗဟိုချက်ပဲ။ အဲဒီမှာ ပထမ အဆင့် အဖွဲ့အစည်း ရှစ်ခု ရှိတယ်။ လနတ်ဘုရား အဖွဲ့အစည်းက သူတို့ထဲက တစ်ခုပေါ့။ အရှေ့တောင်ပိုင်းမှာ မိန်းမလှလေးတွေနဲ့ စုဖွဲ့ထားတဲ့ အလားတူ အဖွဲ့အစည်း တစ်ခု ရှိသေးတယ်။ ဒီအဖွဲ့အစည်းကို ကောင်းကင်ဘုံ ပုစဉ်းရင်ကွဲ နန်းတော်လို့ ခေါ်တယ် ”

မြင့်မြတ်သော မိန်းမပျို ရှီယွမ်က အကြောဆွဲသလို ကရားရေလွှတ် ပြောတော့တာပါပဲ။ သူမ နှလုံးသားက ဟိုးအမြင့် ကောင်းကင် တစ်နေရာကို ရောက်နေ သလိုမျိုးပါ။

သူမ အရိုးထဲ.. အသွေး အသားထဲကနေ ကာမ စပ်ယှက်ဖို့ ဆန္ဒက ရုန်းထွက်ချင် နေပါတယ်။ ဂူတျန်းချင်ကို သူမ တပ်မက်နေပါပြီ။

ဂူတျန်းချင် တစ်ယောက် မိန်းမပျို ပူးပေါင်းလာတာကို သိမြင်နားလည်ရင်း နှုတ်ခမ်း အစုံက တွန့်ကွေး သွားပါတယ်။ သူ့ရဲ့ သိမ်းပိုက် နိုင်စွမ်းကိုလည်း ကိုယ်ဘာသာ ကျေနပ်နေမိပါရဲ့။

Zawgyi
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
သူမ အရိုးထဲ.. အသှေး အသားထဲကနေ ကာမ စပျယှကျဖို့ ဆန်ဒက ရုနျးထှကျခငြျ နပေါတယျ။ ဂူတနြျးခငြျကို သူမ တပျမကျနပေါပွီ။
 


Comments

Popular posts from this blog

အပိုင်း ၁ မှ ၉၀၀ အထိ PDF ဖိုင် စုစည်းမှု