အပိုင်း ၁၅၀၂: မရေရာသော အခြေအနေ
မိန်းမပျို ရှီယွမ်က လနတ်ဘုရား အဖွဲ့အစည်းရဲ့ မြင့်မြတ်သော မိန်းမပျိုတွေထဲ စိတ်ခွန်အား အားအနည်းဆုံး တပည့် တစ်ယောက်လို့ ပြောနိုင်ပါတယ်။ မင်းသား ဂူတျန်းချင်ကျ ဆွဲဆောင်ခြင်း အတတ်မှာ သေချာကို လေ့ကျင့် ထားခဲ့တာပါ။ အတွေ့အကြုံလည်း ရင့်ကျက်တာ အထင်းသား။ ခေါင်းဆောင်ကြီးတောင် သူ့ စွမ်းအားကို ကြံ့ကြံ့ခံနိုင်ဖို့ ခက်ပါတယ်။ မိန်းမပျို ငယ်လေး တစ်ယောက် အဖို့ ဆိုရင် ပိုလို့တောင် ဝေလာဝေးပေါ့။ နောက်ပြီး မင်းသားက လူတွေ အပေါ် အကဲဖြတ်နိုင်စွမ်းတဲ့ ထက်ရှရှ မျက်၀န်း တစ်စုံ ပိုင်ဆိုင် ထားသည်လေ။ သူက လနတ်ဘုရား အဖွဲ့အစည်း၀င်တွေကို တစ်ချက် အကဲခတ် လိုက်ရုံနဲ့တင် တာအို နှလုံးသား မခိုင်မာတဲ့ ရှီယွမ်ကို သွားတွေ့ရပါတယ်။ သူမက လှလည်း လှတယ်လေ။ ဂူတျန်းချင်ရဲ့ ရွေးချယ်ခြင်းက မှန်ကန်ခဲ့ပုံပါ။ သူ မျှော်လင့်ထားသလို ဖြစ်လာပါတယ်။ အနည်းအကျဉ်းတော့ လှည့်စားခဲ့ ရတာပေါ့လေ။ သူမ အပြည့်အ၀ သစ္စာ ရှိလာအောင် ကစားပေးခဲ့ရပါတယ်။ မြင့်မြတ်သော မိန်းမပျို ရှီယွမ် တစ်ယောက် လူသားတို့ ပိုင်နက်ထဲ လတ်တလော ဖြစ်ပျက် နေသမျှ အကုန်လုံးကို မမောနိုင်.. မပမ်းနိုင် ခြုံပြောနေပါတယ်။ မင်းသား နံဘေးက ကျင့်ကြံသူတွေ အကုန်လုံး ပျော်ရွှင်ကျေနပ် ပီတိဖြစ် နေပါတယ်။ သ...